zaterdag 4 september 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...

Sunday, September 5, 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
ကိုချစ်ဖေ

ကျနော် ခုတလော တော်တော်တွေးမိနေတဲ့ အကြောင်းအရာတခုရှိပါတယ်။ အခြားသူတွေတော့ ဘယ်လို တွေးမိကြမလဲ မသိပါဘူးဗျာ။ ကျနော် တွေးမိတာကတော့ “တကယ်လို့များ ကျနော်သာ မြန်မာပြည်တွင်းမှာ နေထိုင်တဲ့သူတယောက်လည်းဖြစ်မယ်၊ အနုပညာသမားတယောက်လည်းဖြစ်မယ်ဆိုရင် စစ်အစိုးရရဲ့ဝါဒဖြန့် ရုပ်ရှင်တွေ၊ သီချင်းတွေကို စစ်အစိုးရအလိုကျ ဆိုမှာလား ရေးမှာလား၊ မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်တွေလည်း သိကြပါတယ်။ ဒီလိုအ နေအထားကို အကြောင်းပြပြီး လုပ်မိကိုင်မိတဲ့ အနုပညာရှင်တွေက ကြောက်ရွံ့ရလို့ မိမိရဲ့ဥစ္စာပစ္စည်းဓန၊ နာ မည်ဆုံးရှုံးမှာစိုးလို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ်လို့ ဆို လာကြပါတယ်။

ကျနော်သာ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်မယ်၊ နာမည်ကြီး အဆိုတော်ကြီးဖြစ်မယ် ဆိုရင်ကော ဆိုမ လား ကမလား၊ မဆိုရင် ဒုက္ခတွေ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။ ကိုယ်က နာမည်ကြီးသရုပ်ဆောင်၊ နာမည် ကြီး အဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြော တယ်လို့လည်း အထင်မရောက်ကြပါနဲ့။ ကျနော်သာဆိုရင် ဘယ်လိုရပ်တည်မလဲ။ ဆိုရမလား၊ ရိုက်ရမလား၊ ရေးပေးရမလား၊ တီးမှုတ်ပေးရမလား၊ မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေးအမျိုး မျိုးရဲ့ ဒုက္ခပေးခြင်းကို ခံနိုင်မလား တွေးမိနေတာပါ။

ဒီလိုဗျာ၊ ဟိုအရင် ကျနော်တို့ မမီလိုက်ပေမယ့် သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အပျက်တွေထဲ က ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ၊ မိမိအမျိုးသားတွေကို ဇာတိ မာန်တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ၊ ဆိုခဲ့ ကခဲ့တဲ့သူတွေကိုရော အင်္ဂလိပ်အစိုးရမင်းများနဲ့ အ လိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင် တာကတော့ ‘ဒို့ဗမာ’ သီချင်း၊ ‘နဂါးနီ’ သီချင်း၊ ‘မီးဒုတ်’ သီချင်း ... အစရှိတဲ့ ကျနော်မသိတဲ့ သီချင်းတွေရော ဟာ ခုလွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထင်ဟပ် တက်ကြွစေနိုင်တုန်းပါ။

ကိုလိုနီနယ်ချဲ့အစိုးရ အလိုတော်ကျ ပေါ်လစီသီချင်းတွေ၊ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းတွေက တော့ ကြားတောင်မကြားဖူးတော့ပါဘူး၊ ဘယ်သူတွေ ရေးလို့ ဘယ်သူတွေ ဆိုခဲ့တယ်ဆိုတာလည်း မသိကြ တော့ပါဘူး။ အဲဒီလူတွေအနေနဲ့ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော သူတို့ အဲဒါတွေ ရေးခဲ့ ဆိုခဲ့ပါတယ် လို့ မရှက်မကြောက် ပြောရဲရေးရဲပါ့မလား။ အဲ့ဒီတုန်းက ငါက၊ ငါ့အဖေက၊ ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ၊ ဘုန်းတော်ဘွဲ့သီချင်းတွေ ရေးခဲ့သူ၊ ဆိုခဲ့သူပါရယ်လို့ ကြေညာရဲပါ့မလား။

အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမယ့် အခုစစ်အစိုးရလောက် ဖိနှိပ်မှုမရှိလို့ ဇာတိမာန်သီချင်းတွေ သီဆို ခဲ့ကြတာ ထင်ရှားပြီး တမျိုးသားလုံး အသည်းစွဲဖြစ်ခဲ့ရတာလို့ ပြောရင်လည်းပြောပါ။ ကျနော်ထင်တာတော့ စစ်အစိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လည်း မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး မ ထားနိုင်တာကြောင့်ရယ်၊ ဆိုလိုက်ရေးလိုက်လည်း ပြီးတာပါပဲကွာ၊ ကိုယ်က နိုင်တာမှမဟုတ်တာ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး၊ အများမိုးခါးရေသောက် ကိုယ်လည်း သောက်လိုက်ပေါ့၊ ကိုယ့်ဒုက္ခမပေးရင် ကိုယ့်မိသားစု ဒုက္ခ မပေးရင် တော်ပီဆိုတဲ့သူတွေက အများစုဖြစ်နေလို့ လို့ထင်ပါတယ်။ အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့ အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို လုပ်မယ်ဆိုတဲ့ အခွင့်အရေး ရှေ့တန်းတင် အနုပညာသ မားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့ အစိုးရ၊ နိုင်ထက်စီးနင်း အစိုးရ၊ ပြည်သူလူထုကြီး ကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့ အစိုးရ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော အစိုးရ၊ ဒီအစိုးရကို ဆန့်ကျင်ဖို့ တော် လှန်ဖို့ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်လည်း နှမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး၊ မတရားမှု မမျှတမှုကို ငါ့အခွင့်အရေး ဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး မထားနိုင်ရင်တောင်မှ မီးလောင်ရာလေမပင့်ဘူး၊ အဆိပ်ပင် ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ် ရှောင်တဲ့သူတွေ လည်းရှိတာပါပဲ။

နောက်ဆုံး ကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေ ပိတ်ပင်ထားရင်တောင် အခြားသော ရရာနည်း လမ်းတွေနဲ့ ဖော်ထုတ်နိုင်တာပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို စစ်အစိုးရ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

ကျနော်က ကျည်ကွယ်မျက်ကွယ်ကနေပြီး လက်သီးလက်မောင်းတန်းနေတယ်လည်း ထင်ခံရပါဦးမယ်။ ကျ နော်လည်း မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရားမှုကို နည်းနည်းမှမကြိုက်သူမို့ စစ်အစိုးရကို အားပေးကူ ညီသူတွေကိုလည်း မကြိုက်ပါ။ မကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ်။ စစ်အစိုးရ ဘက် တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး။ သူတို့သီချင်း ဘယ်လောက်ကြိုက်ကြိုက် နားမထောင်ချင်တော့ပါဘူး။ ဒါ ကျနော်တို့ ပရိသတ်အခွင့်အရေးပါ။

ကျနော်တို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကျနော့် စိတ်ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး။ ဟိုတုန်းကတော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူ့ရပ်တည်ချက် ပြောင်းသွားတာကို ကြည့်ပြီး စိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့် ကျင်ပါတယ်။ ဒါ ပရိသတ်တယောက်ရဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အငြှိုးအတေး အာဃာတရယ်တော့ မရှိပါဘူး။ သို့သော်လည်း သူ့ကိုအားပေးမှုကို လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရာရောက်မယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ပေါ်လစီကားတွေ၊ သီချင်းတွေကို ကြောက် လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလည်း သီဆိုပါ။ သူ့အနုပညာကို အသုံးချပြီး စစ်အစိုးရအ တွက် လုပ်ပေးတယ်၊ အထောက်အကူပြုတယ်ဆိုရင် ကျနော်တို့ကလည်း သူ့အနုပညာအားလုံးကို အားမပေး ရုံပါပဲ။ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူတွေကိုလည်း ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဘက်က အမြဲရပ်တည် ပြီး အနုပညာဖန်တီးသူတွေကိုတော့ အမြဲအားပေးရမှာပေါ့ဗျာ (ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီးက သီချင်းရေးဆိုပဲ)။

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့၊ မင်းမော်ကွန်းတို့၊ ထွန်းထွန်းတို့ဆိုလည်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပါဘူး။ ၀ိုင်းစုခိုင်သိန်းတို့၊ ရဲလေးတို့ဆိုလည်း မုန်းတဲ့စိတ် မဖြစ်မိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနုပညာစွမ်းပကား နဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှုကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။

လူသားချင်းအနေနဲ့ကတော့ နားလည်စာနာနိုင်ပါတယ်။ သူတို့ရဲ့အခက်အခဲကို သို့သော်လည်း တနိုင်တပိုင် ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်းတော့ မိမိတို့ရဲ့ လွတ် လပ်မှုကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ (ဆန့်သာဆန့်ကျင်ရတယ် ၀ိုင်းစုခိုင်သိန်းလေးကိုတော့ အားအနာဆုံး ပါပဲ)။ သူတို့ကို ပုဂ္ဂိုလ်ရေး လုံးဝမုန်းတီးမှုမရှိဘဲ သူတို့ရဲ့အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကျနော် စိတ်ကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

ကိုချစ်ဖေ

Geen opmerkingen:

Een reactie posten